ဦးအောင်မွန် ၏ အမြင်
ဦးစန်းလှိုင်သည် မြတ်ဆုမွန် ၁၉၈၈ ခုနှစ်၊ အောက်တိုဘာမှစ၍ ရေးဆွဲခဲ့သည်။ Dialogue များ ထည့်ပေးစရာ မလိုဘဲ သူ့ဘာသာ ခွဲရေးနိုင်စွမ်းရှိသည်။ Comic များနှင့်ပတ်သက်ပြီး ရေးဆွဲခဲ့သည်။ ဆီဆေးရေးလျှင် ကောင်းမွန် သည်။ Comic များတွင် ကောင်းသည်။
ကျွန်တော်တို့ မဂ္ဂဇင်းတွင် အလွတ် Illustration နှင့် သရုပ်ဖော်ပုံဆိုပြီး (၂) မျိုးရှိရာ ဦးစန်းလှိုင်သည် အလွတ် Illustration ရေးရာတွင် အလွန်တော်သည်။ ဆောင်းပါးများတွင် အလွတ်သရုပ်ဖော်ပုံများရေးဆွဲရာတွင် စိတ်ကူး ကောင်းပြီး သပ်ရပ်တိကျသည်။ ရုပ်စုံ (၁၁) အုပ်တွဲကို ဦးကျော်ဖြူစံနှင့် တွဲ၍ရေးခဲ့သည်။ သူသည် ရုပ်ပုံများရေးဆွဲရာ တွင် သဘာဝကို အသေးစိတ်လေ့လာပြီး ရေးဆွဲတတ်သည်။ ကုန်းဘောင်ခေတ်ဆိုင်ရာ ဘုန်းကြီးပုံများကို ရေးမည်ဆို လျှင် ကုန်းဘောင်ခေတ်အကြောင်း ပြန်လည်လေ့လာရေးဆွဲသည်။ တချို့က ဘုန်းကြီးသင်္ကန်း ရေးမည်ဆိုလျှင် ခြုံထည်ကို မည်သည့်ဘက်က ရေးရမည်မသိပေ။ သို့ရာတွင် ဦးစန်းလှိုင်သည် ထိုအကြောင်းအရာများ ရေးလျှင် အသေးစိတ် လေ့လာသည့်အတွက် အမှားအယွင်း နည်းပါးစွာ ရေးဆွဲနိုင်သည်။
ပန်းချီကားများကို နိပါတ်ဆန်ဆန် ရေးတတ်သည်။ ယခုခေတ်တွင် နိပါတ်ဆန်ဆန် ရေးဆြွသည်မှာ ရှားပါးသည်ကို တွေ့ရသည်။ သဘာတနှင့် နီးစ်သည့်အတွက် သဘာဝပုံများ ရေးဆွဲရာတွင် ကောင်းသည်။ ဦးစိန်၊ ဦးကျော်တို့နှင့်လည်း အတူတွဲ၍ ရေးဆွဲခဲ့သည်။ မြတ်ဆုမွန်တွင် မရေးမီ ရတနာမွန်တွင် ရေးဆွဲခဲ့သည်။ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်နှင့် ဇာတ်ကြီးဆယ်ဘွဲ့ရေးထားသည်မှာ လက်ရာမြောက်သည်။ စိတ်ဝင်စားဖွယ် အရောင်များ ရေးဆွဲတတ်သည်။ မဂ္ဂဇင်းအယ်ဒီတာဘဝတွင် ပန်းချီဆရာနှင့် အယ်ဒီတာမှာ ညီအစ်ကိုလိုနေရသည်။ ကလေးငယ်များ ဖတ်သည့် စာအုပ်များတွင် နိပါတ်ပုံများ ထည့်ရေးခြင်းသည်လည်း ဦးစန်းလှိုင်၏ အားသာချက်တစ်ခု ဖြစ်ပါသည်။
ဦးအောင်မွန်
Copyright
All right reserved. You may not copy, store, distribute, transmit, reproduce or otherwise make available this publication (or any part of it) in any form, or by any means (electronic, digital, optical, mechanical, photocopying, recording or otherwise), without the prior written permission of the publisher. Any person who does any authorized act in relation to this publication may be liable to criminal prosecution and civil claims for damages.
Quick Links
- Home
- Artworks
- Biography
- Achievements & Awards
- Exhibition
- Artist Outlooks
- Media
Contact Us
No. 50, Thit Yar Pin Road, 23rd Ward, Thuwana VIP1, Thingangyun Township, Yangon.
anawrahtaartgallery@gmail.com
+95 9 5400345, +95 9 5566633