ရုပ်ရှင်လောက နှင့် ဆက်သွယ်မိခြင်း

ဆရာကြီးဦးစန်းလှိုင် ပန်းချီဝါသနာပါမှန်းသိထားသော တစ်ဝမ်းကွဲအစ်ကိုသည် ဆရာကြီး (၁၀) နှစ်သား သာသာလောက် ရောက်သောအခါ ရန်ကုန်သို့ခေါ်သွားကာ ဗြိတိသျှဘားမားရုပ်ရှင်မှ ဦးဘထွန်း ၊ A1 ဒါရိုက်တာ ဦးအောင်ဇံတို့နှင့် ဆက်သွယ်ပေးခဲ့သည်။ ထိုသူများမှာလည်း ဖျာပုံသားများဖြစ်ကြသောကြောင့် ရုပ်ရှင်ပိုစတာများ ကြော်ငြာဒီဇိုင်းများ ရေးသားခွင့်ရရန် ကူညီပေးခဲ့ကြသည်။

ရန်ကုန်ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ပိုစတာများရေးဆွဲခဲ့ရာ ရေးဆွဲခအနေနှင့် ပိုစတာတစ်ချပ်ကို တစ်ဆယ်၊ တစ်ဆယ့်ငါးကျပ် ရရှိခဲ့သည်။ ထိုခေတ်က ရုပ်ရှင်ပိုစတာများကို ကြော်ငြာရာတွင် ကားနှင့် ကြော်ငြာခဲ့ကြသလို လက်တွန်းလှည်းဖြင့်လည်း ကြော်ငြာခဲ့ကြသည်။ လှည်းပေါ်တွင် ပိုစတာနှစ်ချပ်တွင် ကျောချားကပ်ထောင်၍ လှည့်လည် ကြော်ငြာခဲ့ကြခြင်း ဖြစ်သည်။

Copyright

All right reserved. You may not copy, store, distribute, transmit, reproduce or otherwise make available this publication (or any part of it) in any form, or by any means (electronic, digital, optical, mechanical, photocopying, recording or otherwise), without the prior written permission of the publisher. Any person who does any authorized act in relation to this publication may be liable to criminal prosecution and civil claims for damages.

Quick Links

  • Home
  • Artworks
  • Biography
  • Achievements & Awards
  • Exhibition
  • Artist Outlooks
  • Media

Contact Us

No. 50, Thit Yar Pin Road, 23rd Ward, Thuwana VIP1, Thingangyun Township, Yangon.

anawrahtaartgallery@gmail.com

+95 9 5400345, +95 9 5566633